ဒီဘလော့ကိုလာရောက်သူများခင်ဗျာ.....ကျွန်တော်သည်ဒီဘလော့ကို..ကျွန်တော်သိချင်တာလေးတွေကြည့်ဖို့ စုထားတဲ့သဘောပါ ကျွန်တော်ရေးတာကနည်းပါတယ်...ကော်ပီလုပ်ပြီမှတ်ထားတာပါရှင်းရှင်းပြောရရင်အွန်လိုင်းပေါ်ကသူများစာတွေကူးပြီတင်ပြတာမဟုတ်ပါဘူးသူများတွေတင်ထားတာကို ကျွန်တော့်အတွက်လို မယ်ထင်လို့  စုထားတာပါ သင့်အနေနဲ့ ကော်ပီဆိုက်ကိုအမြင်စောင်းနေရင်အခုပဲ ဒီဘလော့ကနေထွက်သွားပါ.....ဆက်သွယ်ချင်ရင်တော့mcmgtoe@gmail.com
Tuesday, December 25, 2012
Hack ချင်သူများ သတိထားပါ။
Hack ချင်သူများ သတိထားပါ။ ကျွန်တော်လဲ ကိုယ့်ကိုကိုယ် သတိပေးတာဖြစ်သလို ၀ါသနာပါတဲ့
မိတ်ဆွေများကိုလဲ သတိရလို့ပြောပြရအုန်းမယ် Yangon united FC (http://www.ygnutd.com/) ကို
ဝင်လိုက်တာ hack ခံထားရတာတွေ့လိုက်ရတယ် ဒါပေမဲ့ သိပ်မကြာပါဘူး Yangon united (http://www.ygnutd.com/) က ပြန်ပြီး recovery လုပ်လိုက်ပါတယ်။ ဒါနဲ့ Blinkhackergroup.net ဆီ
ကိုခဏရောက်သွားတယ် ကြည့်လိုက်တာနဲ့
Download section မှာ download hacking tools ဆိုတာကို တွေ့လိုက်တယ် ဒါနဲ့ ချက်ချင်းဘဲ နှိပ်ပြီး (http://bhg.nazuka.net/dl4hktools.html) ကြည့်လိုက်မိတယ် ဒါနဲ့ ကြိုက်စရာလေးတွေ တွေ့မိရော Download မယ်လုပ်တော့ မှ Winspy Keylogger အကြောင်းကို သတိရမယ်တယ် ဒီ software ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ install လုပ်ဖို့ exe file ကို ထုတ်ပေးပါတယ် ဒီ exe file ကို ကိုယ့် hack ချင်တဲ့ လူရဲ့ Computer ထဲမှာ install လုပ်ပေးရမှာ ဖြစ်ပါတယ် ဆိုတော့ ဒီအတိုင်း ကြီး လူတစ်ယောက် ကို exe file ပို့လိုက်ရင် ဘယ်လိုမှ
install လုပ်မှာမဟုတ်သလို၊ စိတ်ဝင်စားမှာ လဲမဟုတ်ဘူး။ ဒါပေမဲ့ အခုလို ကျွန်တော်တို့လို hacking ကို စိတ်ဝင်စားတဲ့ လူတွေကျတော့ install လုပ်တာလဲ လွယ်လွယ်လေး လုပ်တက်တယ် ပြီးတော့ hack ဖို့ကို တအားစိတ်ဝင်စားနေတော့ ဘာမှကို မစဉ်းစားတော့ဘဲ install လုပ်မိတက်တယ် ဒီလို လုပ်မိတယ်ဆိုရင်
ဒီ winspy keylogger ရဲ့ exe file က ဒီ computer မှာ လုပ်သမျှကို screen shoot အကုန်လုံးကို ရိုက်ပြီး hacker ရဲ့ လက်ထဲကို ပြန်ပို့ပေးတာဖြစ်ပါတယ် ဒါကြောင့် hacking ကို စိတ်ဝင်စားပြီး ဆိုရင်တော့ ကိုယ့်ရဲ့ လုံခြုံရေးကို သတိထားဖို့လိုပါမယ်။
အထူးသဖြင့် hacking tools တွေက antivirus နဲ့ မထည့်ဘူးဆိုတော့ install လုပ်မယ်ဆိုရင်
antivirus ကို ပိတ်ပစ်လိုက်တက်တာ များတယ် ဆိုတော့ တကယ် hacking tools မဟုတ်ဘဲနဲ့
winspy keylogger ရဲ့ exe file ကြီးများသာ ဖြစ်နေရင်တော့ ရှိသမျှကုန်ပြီးပေါ့ဗျာ။
သတိထားကြပါ။ Hacking tools တိုင်းကို မယုံပါနဲ့။
Subscribe to:
Post Comments (Atom)
Picture Window theme. Theme images by mattjeacock. Powered by Blogger.


No comments:
Post a Comment